About Our Founder
Wynn Zaw Htun
Founder & Head Coach
International Master (IM) | FIDE Trainer (FT) | National Arbiter (NA)
Wynn Zaw Htun is a highly accomplished International Master (IM), FIDE Trainer (FT), and National Arbiter (NA) with an outstanding career in competitive chess, international coaching, arbitrating, and tournament organization.
Holding the record for the most National Championship titles in Myanmar, he has represented the country at the highest international levels, including multiple SEA Games and World Chess Olympiads. He reached a peak FIDE Standard Rating of 2578 (Current Standard: 2324, Rapid: 2411, Blitz: 2337).
Driven by a passion to nurture the next generation of players, he established Master Brain Chess Academy as its Founder & Head Coach, dedicated to providing structured training, strategic thinking, and competitive excellence to students of all levels.
Key Credentials & Achievements
National Success
9-Time Record-Holding National Champion: Holds the record for winning the most National Championship titles in Myanmar history.
Champion of numerous major national chess tournaments.
International Success
SEA Games (South East Asian Games): Represented Myanmar in 8 SEA Games, winning a total of 2 Gold, 3 Silver, and 3 Bronze Medals.
World Chess Olympiad: Represented Myanmar at 4 World Chess Olympiads.
Competed and achieved top standings in numerous International Open and Invitation Tournaments globally
ဆရာ ဝင်းဇော်ထွန်း (Wynn Zaw Htun)
Founder & Head Coach
International Master (IM) | FIDE Trainer (FT) | National Arbiter (NA)
ဆရာ ဝင်းဇော်ထွန်းသည် စစ်တုရင် ကစားသမားဘဝ၊ နည်းပြဘဝ၊ ဒိုင်လူကြီးပိုင်းနှင့် ပြိုင်ပွဲကျင်းပရေး (Organizer) ပိုင်းတို့တွင် ထိပ်တန်း အောင်မြင်မှုများ ရရှိထားသော International Master (IM)၊ FIDE Trainer (FT) နှင့် National Arbiter (NA) တစ်ဦး ဖြစ်ပါသည်။
မြန်မာနိုင်ငံ စစ်တုရင် သမိုင်းတွင်
မြန်မာ တနိုင်ငံလုံး တံခွန်စိုက် စစ်တုရင် ချန်ပီယံဆုကို စံချိန်တင် အကြိမ်အရေအတွက် ရယူထားပြီး ပြည်တွင်း/ပြည်ပ ပြိုင်ပွဲပေါင်းများစွာတွင် ချန်ပီယံဆုများနှင့် အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ အမြင့်ဆုံး Peak Standard Rating မှာ 2572 ဖြစ်ပြီး လက်ရှိ Ratings များမှာ Standard 2324၊ Rapid 2411 နှင့် Blitz 2337 တို့ ဖြစ်ကြပါသည်။
စ်တုရင် ကစားသမားကောင်း တစ်ဦးအဖြစ်မှသည် မျိုးဆက်သစ် စစ်တုရင် သမားများကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ Master Brain Chess Academy ကို တည်ထောင်ခဲ့ပြီး Founder & Head Coach အဖြစ် ဦးဆောင်၍ စနစ်ကျသော လေ့ကျင့်ရေး နည်းလမ်းများ၊ ဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုများနှင့် ပြိုင်ပွဲဝင် အတွေ့အကြုံများကို လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။
ထင်ရှားသော အောင်မြင်မှုများနှင့် စံချိန်များ (Key Achievements)
ပြည်တွင်း အောင်မြင်မှုများ (National Achievements)
National Champion (Record Holder): မြန်မာတစ်နိုင်ငံလုံးတံခွန်စိုက် စစ်တုရင် ချန်ပီယံဆုကို( ၉ ) ကြိမ် တိုင်တိုင် စံချိန်တင်
အကြိမ်အရေအတွက် ရရှိထားသူ
ပြည်တွင်း စစ်တုရင် ပြိုင်ပွဲကြီးပေါင်းများစွာတွင် ချန်ပီယံဆုများစွာ ဆွတ်ခူးနိုင်ခဲ့သူ
ပြည်ပနှင့် နိုင်ငံတကာ အောင်မြင်မှုများ (International Achievements)
SEA Games (အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ): မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် (၈) ကြိမ်တိုင်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ် (၃) ခု နှင့် ကြေးတံဆိပ် (၃) ခု ဆွတ်ခူးရရှိခဲ့သူ
World Chess Olympiad (ကမ္ဘာ့ စစ်တုရင် အိုလံပစ် ပြိုင်ပွဲ): မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် (၄) ကြိမ်တိုင်တိုင် သွားရောက် ယှဉ်ပြိုင်ခဲ့သူ
နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ နှင့် International Open ပြိုင်ပွဲပေါင်းများစွာတွင် သွားရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများစွာ ဆွတ်ခူးရရှိခဲ့သူ
တရားဝင် ဘွဲ့တံဆိပ်များနှင့် FIDE အချက်အလက်များ (Official Credentials)
International Master (IM) – ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် (FIDE) အသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာ မာစတာ
FIDE Trainer (FT) – ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် အသိအမှတ်ပြု နည်းပြ
National Arbiter (NA) – အမျိုးသား အဆင့် စစ်တုရင် ဒိုင်လူကြီး